ရှောင်သင့်တဲ့ ယောကျာ်းများ

ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ့်ရဲ့ဘ၀လက်တွဲဖော်ယောကျာ်းဆိုတာ အိမ်ထောင်ဦးစီး၊ မိသားစုကို
ဦးဆောင်ရမယ့်သူ၊ ကိုယ်က တသက်လုံးအားကိုးရမယ့်သူနော်။ အဲဒီတော့
အချစ်တစ်ခုထဲနဲ့ ရွေးချယ်လို့ မရဘူးပေါ့။
တချို့ယောကျာ်းတွေရဲ့အကျင့်စရိုက်တွေက ရေရှည်ကျရင်
ပြဿနာတွေဖြစ်လာနိုင်တယ်လေ။ အဲဒီတော့ တစ်ဘ၀လုံးစိတ်မဆင်းရဲရအောင်
ရှောင်သင့်တဲ့ယောကျာ်းတွေကို ပြောပြမယ်နော်။
ဆင်ခြေတက်လွန်းသူ

ဘယ်အရာကမှ သူ့အတွက်ပြည့်စုံတယ်
ကျေနပ်တယ်ဆိုတာမရှိတဲ့ ယောကျာ်းမျိုးပေါ့။ ဘယ်လောက်ပဲကောင်းအောင်
လုပ်ပေးပေး တစ်ခုမဟုတ်တစ်ခုတော့ မကျေနပ်သေးတာရှိနေတတ်တယ်လေ။ အဲဒီလို
ယောကျာင်္းမျိုးနဲ့ ကြာကြာများတွဲမိလို့ကတော့ ကိုယ့်ကိုယ်ကို
ယုံကြည်တဲ့စိတ်လေးပါ ပျောက်သွားအုံးမှာ။
အသဲကွဲသမား

အသဲကွဲနေပြီး ရုန်းထွက်ဖို့ မကြိုးစားတဲ့
ယောကျာ်းမျိုးကိုလည်း ဝေးဝေးက ရှောင်သင့်တယ်နော်။ သူအသဲကွဲနေတာကို
ငါရအောင်ကုစားပေးမယ်ဆိုပြီး သူရဲကောင်းလုပ်မိနေရင်လည်း
အချိန်ကာလတစ်ခုထိဘာမှတိုးတတ်မှု ရှိမလာဘူးဆိုရင်တော့
စိတ်လျှော့လိုက်ပါတော့။ သူကိုယ်တိုင်က အသဲကွဲခြင်းမှာ ပျော်မွေ့နေတာလေ။
ဒါကြောင့် အချိန်မဖြုန်းမနေနဲ့တော့နော်။
အားကစားကို သင့်ကိုထက် ပို၍ကြိုက်နှစ်သက်သူ

ယောကျာ်းလေးတော်တော်များများက အားကစားကို
အရမ်းဝါသနာပါကြတယ်နော်။ ဒါပေမယ့် ချစ်သူကိုတော့ အရေးကြီးတာတွေကိုတော့
ဦးစားပေးကြပါတယ်။ ဒါပေမယ့် အားကစားကို အလွန်အကျွံဝါသနာပါတဲ့သူတွေ
ကျတော့ ထမင်းမေ့၊ ဟင်းမေ့၊ ချစ်သူကိုလည်းမေ့ အကုန်မေ့တော့တာနော်။ အလုပ်ပဲရှိရှိ၊ ကလေးပဲငိုငို
သူဂရုစိုက်မှာ မဟုတ်ဘူး။ အဲဒီတော့ ကိုယ်ဒုက္ခရောက်မယ့်ဘေးကို ဝေးဝေးကရှောင်နော်။
ကျတော့ ထမင်းမေ့၊ ဟင်းမေ့၊ ချစ်သူကိုလည်းမေ့ အကုန်မေ့တော့တာနော်။ အလုပ်ပဲရှိရှိ၊ ကလေးပဲငိုငို
သူဂရုစိုက်မှာ မဟုတ်ဘူး။ အဲဒီတော့ ကိုယ်ဒုက္ခရောက်မယ့်ဘေးကို ဝေးဝေးကရှောင်နော်။
လောင်းကစားသမား

ဖဲရိုက်၊ ကြက်တိုက်၊ နှစ်လုံး၊ သုံးလုံး၊ ဘောလုံး ဘယ်လိုလောင်းကစားမျိုးကိုပဲဖြစ်ဖြစ် ၀ါသနာပါတဲ့ ယောကျာ်းကို အားကိုးမိလို့ကတော့ ဘယ်တော့မှ ကြီးပွားမှာ မဟုတ်တဲ့အပြင် ကိုယ်ပိုင်ဆိုင်သမျှလေးပါ ကုန်မှာ။ အတွေးမမှားနဲ့နော်။
သောက်သောက်စားစား လူ့မင်းသား

အဓိကက အရက်သမားတွေပေါ့။ ပြီးတော့ ဆေးသမား။ ဒီလိုလူတွေကိုများ ယူမိလို့ကတော့ လင်ဆိုးမယား တဖားဖားဖြစ်နေမှာ။ ကြောက်စရာကြီးနော်။
စိတ်ကြီးသူ

စိတ်ကြီးတယ်ဆိုတာ စိတ်တိုလွယ် စိတ်ဆိုးလွယ်
ဒေါသဖြစ်လွယ်တဲ့သူမျိုးပေါ့။ အဲဒါဆိုရင်တော့ တချိန်လုံး
တဂျိန်းဂျိန်းဖြစ်နေမှာ။ လက်ပါတတ်တဲ့သူဆိုရင် သေရော။ ကိုယ်တိုင်လည်း
အရိုက်အထောင်းခံနေရမယ်။ သူများတွေနဲ့လည်း ပြဿနာဖြစ်လိုက် ရန်ဖြစ်လိုက်
ဖြစ်တတ်ရင် ခဏခဏ ရုံးရောက်လိုက် ဂတ်ရောက်လိုက်နဲ့ ဘယ်တော့မှ
စိတ်ချမ်းသာရမှာ မဟုတ်ဘူး။
ဘက်ပေါင်းစုံကနေ အသေးစိတ်ကြည့်နေတတ်တဲ့ယောကျာ်း

သင့်ကိုအမြဲ မျက်စိဒေါက်ထောက်ကြည့်ပြီး
သင်လုပ်သမျှအားလုံးကို လိုက်ပြီးခွဲခြမ်းစိတ်ဖြာ စိစစ်သရုပ်ခွဲနေတတ်တဲ့
ယောကျာ်းမျိုးပေါ့။ သင် ဘာစားတယ်၊ ဘယ်ရုပ်ရှင်ကြည့်တယ်ဆိုတာကအစ
လိုက်ကြည့်နေပြီး နောက်ဆုံးသူ့ရဲ့ စာအုပ်ကြီးအတွေးအခေါ်တွေထဲ
အတင်းပုံသွင်းတတ်တယ်တဲ့။ စိတ်ရူပ်စရာပဲနော်။
အလွန်အလှကြိုက်သူ

အရမ်းအလှကြိုက်တဲ့
ယောကျာ်းမျိုးနဲ့တွေ့ရင်လည်း ကိုယ့်ကိုယ်ကိုမလှဘူးဆိုပြီး ခံစားရပြီး
အားငယ်သွားတာပဲ အဖတ်တင်သွားလိမ့်မယ်နော်။ သူက တချိန်လုံး
ကိုယ့်ကိုယ်ကိုလှအောင်ပြင်နေမှာ ဆိုတော့လေ။ သူက အရမ်းကိုလှပနူးညံ့နေတော့
သူနဲ့ယှဉ်မိပြီး ကိုယ်ကစိတ်ဓာတ်တွေကျနေတော့မှာ။ :D ပြီးတော့
ယောကျာ်းတစ်ယောက်က အဲလောက်အလှအပကြိုက်နေတော့ ဘာလုပ်မှာလဲနော်။
ဘယ်အားကိုးရတော့မလဲ။ ကျားကျားယားယားနဲ့ ယောကျာ်းပီပီသသကိုပဲ ရှာပါ။
ငါသာအတော်ဆုံး
ငါသာအတော်ဆုံး

သူပဲတော်တယ် သူပဲတတ်တယ် သူပဲမှန်တယ်ဆိုတဲ့
ယောကျာ်းမျိုးနဲ့တွေ့လို့ကတော့ သင့်အကြိုက်ဆိုတာရှိမှာ မဟုတ်တော့ဘူးနော်။
သင်ရွေးချယ်တာထက် သူရွေးတာက ပိုကောင်းတယ်ပဲ ဖြစ်နေမှာ။ ကိုယ်လုပ်တာထက်
သူလုပ်တာက ပိုကောင်းတယ် ဖြစ်နေမှာ။ ကိုယ့်စိတ်နဲ့ ကိုယ်ဖြစ်မှာ မဟုတ်တော့
ကြာရင်လောကကြီးကို စိတ်ကုန်လာနိုင်တယ်နော်။ လောကကြီးကို တာတာ့ မပြမိခင်
သူ့ကိုပဲ တာတာ့ပြလိုက်ပါ။
သံသယလူသား
သံသယလူသား

သူ့စိတ်ထဲမှာ သံသယတွေနဲ့ ပြည့်လျှံနေပြီး
အားလုံးကိုလည်း သံသယမျက်လုံးစိမ်းကြီးတွေနဲ့ ကြည့်နေတတ်တယ်လေ။
သင်လိမ်နေလားပဲ သူတွေးနေမှာ။ သင်လှလှလေးပြင်ထားရင်လည်း သံသယ၀င်နေလိမ့်မယ်။
တခြားသူတွေနဲ့လည်း စွတ်စွဲလိမ့်မယ်။ ဒီလိုလူမျိုးနဲ့ တစ်ဘ၀လုံးနေရရင်တော့
လုံးဝချောင်မှာမဟုတ်ဘူးနော်။ ကိုယ်က အကျဉ်းသားလိုလို တရားခံလိုလိုနဲ့
ဖြစ်သွားတော့မှာ။
မရင့်ကျက်သူ
မရင့်ကျက်သူ

မရင့်ကျက်သေးတဲ့ ယောကျာ်းမျိုးပေါ့။
အလုပ်လုပ်ရကောင်းမှန်းမသိ၊ ပိုက်ဆံရှာရကောင်းမှန်းမသိ၊
ဦးဆောင်ချင်စိတ်လည်းမရှိ၊ တာဝန်ယူချင်စိတ်လည်း မရှိတတ်ဘူးနော်။
ဒီလိုယောကျာ်းမျိုးကို အားကိုးမိရင်တော့ ကိုယ်ကျိုးနည်းမှာ သေချာတယ်။
လူရူပ်လူပွေ
လူရူပ်လူပွေ

တစ်ခါခြံခုန်ဖူးတဲ့မြင်းဟာ နောက်တစ်ခါခြံခုန်ဖို့လည်း ၀န်မလေးဘူးတဲ့။ လူရူပ်လူပွေကိုသာ ကြိုက်မိရင်တော့
တစ်ဘ၀လုံး သူ့ရဲ့အရူပ်အထွေးဇာတ်လမ်းတွေနဲ့ စိတ်ဆင်းရဲနေရဖို့က 90 % သေချာတယ်။ ဒီတော့ လူရူပ်လူပွေဆိုရင် အစထဲက ကင်းကင်းသာနေလိုက်ပါတော့။
အလိုက်မသိတဲ့ယောကျာ်း
တစ်ဘ၀လုံး သူ့ရဲ့အရူပ်အထွေးဇာတ်လမ်းတွေနဲ့ စိတ်ဆင်းရဲနေရဖို့က 90 % သေချာတယ်။ ဒီတော့ လူရူပ်လူပွေဆိုရင် အစထဲက ကင်းကင်းသာနေလိုက်ပါတော့။
အလိုက်မသိတဲ့ယောကျာ်း

သင်နဲ့ ဟိုဟိုဒီဒီလျှောက်သွားဖို့လည်း
မစဉ်းစားဘူး။ သင့်အတွက် ဘာဘာညာညာဝယ်ပေးတာမျိုးလည်း မရှိဘူး။
သင့်အတွက်ဆိုပြီး ဘာမှလည်းမလုပ်ပေးဘူး။ သင့်အတွက်ဆိုတာ ဘာမှကို မစဉ်းစားတာ။
ဒီလောက်တောင် သွေးအေးနေတဲ့လူမျိုးနဲ့ တဘ၀လုံးသာဆိုရင်.. :O
ဝဲလိုက်တော့နော်။
ဘာရယ် ညာရယ်မဟုတ်ပါဘူး။ အင်တာနက်မှာ ရှာရင်းဖွေရင်းတွေ့လို့ သူငယ်ချင်းတို့ သိသင့်တယ်လို့ ဘာသာပြန်ပြီး မျှဝေလိုက်တာပါ။ တကယ်လည်း သိသင့်တာပဲနော်။ ဘယ်သူမှ ခြောက်ပစ်ကင်း သဲလဲစင် မရှိပေမယ့် အစွန်းရောက်လွန်းနေရင် မကောင်းဘူးပေါ့။ အပေါ်က ယောကျာ်းမျိုးတွေနဲ့ တစ်သက်လုံးအတူနေဖို့ကတော့ တွေးကြည့်ရုံနဲ့ ရင်မောစရာပဲလေ။ အဲလို ယောကျာ်းမျိုးတွေကို ဝေးဝေးကရှောင်နော်။ ယောကျာ်းကောင်းတွေလည်း အများကြီးပဲလေ။ အချစ်တစ်ခုထဲနဲ့ ကိုယ့်ဘ၀ကို အနစ်မွန်းမခံမိစေနဲ့နော် သူငယ်ချင်းတို့။
( ခု ဒီပို့စ်လေးကို ဖတ်တဲ့ထဲက အပေါ်ကရှောင်သင့်တဲ့ ယောကျာ်းမျိုးထဲကပါရင် ရင်နှင်းကို မေတ္တာတွေပို့နေမှာ သေချာတယ်။ :D ဒါပေမယ့် စဉ်းစားကြည့်ပါနော်။ အပေါ်က အကျင့်တွေက ကောင်းမှမကောင်းတာ။ ကိုယ့်ချစ်သူလေးအတွက်ရော ပြီးတော့ ကိုယ့်မိသားစုအတွက် ကိုယ့်အတွက်လည်း ကောင်းဘူးလေ။ အဲဒီတော့ ပြင်သင့်တာကို ပြင်ရင်း ဆင်ခြင်သင့်တာကို ဆင်ခြင်ရင်း အကောင်းဆုံးဘ၀တစ်ခုကို အချစ်ဆုံးသူလေးနဲ့ ပျော်ပျော်ရွှင်ရွှင် တည်ဆောက်နိုင်ပါစေရှင်.. )

Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်
0 comments:
Post a Comment