oasis4all

"လာရောက်ကြတဲ့သူငယ်ချင်းများကို ကြိုဆိုလျှက်ပါ" ဖတ်ဖူးတဲ့ ဗဟုသုတများကို ပြန်လည်ဝေမျှလိုက်ပါတယ်

အချစ်ဆိုတာ......

ယနေ့ ထူးထူးခြားခြား တစ်စုံ တစ်ယောက်က မေးခွန်း တစ်ခု မေးလာသည်။
>> ထိုမေးခွန်းမှာ – မင်းမှာ ရည်းစားတွေ အများကြီး ရှိခဲ့ဖူးတယ် ဆိုရင်
>> သူတို့ကို
>> မင်း တစ်ကယ်ချစ်ခဲ့ သလား၊ သို့မဟုတ် မင်းကို တစ်ကယ်ချစ်တဲ့ သူနဲ့ရော
>> တွေ့ခဲ့ဖူးလား ဆိုတဲ့ မေးခွန်းပါ။
>> မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်မှာ – “သူတို့သည်လည်း မိမိအား
>> အမှန်တကယ်ချစ်ခြင်း မဟုတ်ကြပါ၊ မိမိကလည်း သူတို့ကို အမှန်တကယ်ချစ်ခြင်း
>> မဟုတ်ပါ” ဟုဖြစ်သည်။
>> မေးသူက အတော်အံ့အား သင့်သွားပြီး၊ ဒါဆိုရင် မင်းမှာ အချစ်ဆိုတာ မရှိဖူးလား၊
>> နောက် မင်းကို တစ်ကယ်ချစ်တဲ့သူ မတွေ့ဖူးဖူး ဆိုတာ ဘယ်လို ပြောနိုင်သလဲလို့
>> ထပ်ဆင့် မေးလာပြန်ပါတယ်။
>> သူ့ကို မိမိ သိထားဖူးတဲ့ ဗဟုသုတ နဲ့ ရှင်းပြလိုက် ဖြစ်ပါတယ်။
>> ဒီလိုပါ။ ချစ်တယ် ဆိုတာ ဘာဖြစ်ပါသလဲ။ ချစ်တယ်ဆိုသည်မှာ မိမိရင်ထဲမှ ထိုသူ
>> တစ်ဦးတစ်ယောက်အား ပျော်ရွင်စေလိုခြင်း၊ သာယာစေလိုခြင်း၊ ချမ်းသာ စေလိုခြင်း၊
>> အောင်မြင် စေလိုခြင်း ကို ခေါ်တယ်လို့ ထင်ပါတယ်။ မုန်းတယ် ဆိုတာက ထိုသို့
>> ချစ်ခြင်း ကြောင့် ဖြစ်စေချင်ခြင်းများကို ဆန့်ကျင်ဖက် ဖြစ်စေချင်တာ မုန်းတာ
>> ဖြစ်ပါလိမ့်မယ်။
>> ရှေးဦးစွာ မိမိကိုယ်မိမိ ကြည့်လျှင် မိန်းကလေး တစ်ဦးအား ချစ်ပါသည်။
>> ထိုမိန်းကလေးသည် မိမိအား စော်ကားခြင်း၊ ကန်ကျောက် ရိုက်ပုတ်ခြင်း၊
>> သစ္စာမရှိခြင်း၊ လိမ်ညာခြင်း၊ မိမိ အား စိတ်ချမ်းသာမှု မပေးနိုင်ခြင်း
>> စသည်ဖြင့်
>> မိမိ စိတ်အလိုကျ မဖြစ်သည့် အခါ ထိုမိန်းကလေးအား မချစ်တော့ပါ။
>> ထိုအခါ စမ်းစစ်ကြည့်ဖို့ လိုပါသည်။ မိမိသည် သူ့အားချစ်သည် ဆိုခြင်းများဟာ
>> သူ့အတွက်လား၊ မိမိ အလိုပြည့် စေရန် အတွက်လား ဆိုသည်ကို သတိပြုသင့် ပါသည်။
>> သို့ဆိုလျှင် မိမိကိုယ်မိမိ ချစ်ခြင်း နှင့် သူ့ကို မိမိကချစ်ခြင်း ခွဲခြား
>> နိုင်ပါလိမ့်မည်။
>> ထိုနည်းတူ မိန်းကလေး တစ်ဦးက မိမိ ချစ်သည်ဆိုခြင်းမှာလည်း မိမိက အခြား
>> မိန်းမများနှင့် ပျော်ပါး သွားလာနေသည့်အခါ၊ သူ့အား ရိုက်ပုတ်ကန်ကျောက်၍
>> အနိုင်ကျင့် သည့်အခါ၊ သူ့ စိတ်အလိုကျ မဖြစ်သည့် အခါမျိုးတွင် မိမိအား သူက
>> ချစ်နေပါဦးမည်လား။ ထိုအခါ အချစ်များ လွှင့်ပါး ကုန်မည်လား။
>> တကယ်တော့ အချစ်ဆိုတာ – တစ်လမ်းသွား ဖြစ်ပါတယ်။ ရယူလိုခြင်း ရှိသမျှ
>> သူတစ်ပါးကို ချစ်ခြင်း လို့ မဆိုနိုင်ပါ။ မိမိအလိုကျလျှင် ချစ်မည်၊
>> အလိုမကျသည့်
>> အခါ မချစ်တော့ ဆိုသည်မှာ ကြိုက်နှစ်သက်ခြင်း တစ်ခုဖြစ်ပြီး၊ ကြိုက်နှစ်သက်သည်
>> ဆိုသည်မှာ လောဘ ပါသည့် မိမိကိုယ် မိမိ ချစ်ခင်ခြင်းသာ ဖြစ်သည်။
>> တစ်ဖက်က အမြင်နဲ့ လေ့လာကြည့်ပါ။ ဥပမာ- မိခင်၊ ဖခင်က သားသမီးကို ချစ်ခြင်းမှာ
>> သူ့ဆီက လိုလား တောင်းတမှု တစ်စုံ တစ်ရာမပါပါ။ သူတို့ စိတ်တိုင်းကျ သည်ဖြစ်စေ၊
>> စိတ်တိုင်းမကျသည် ဖြစ်သည်၊ မိမိအား ချစ်သော အချစ်သည် တစ်ကယ်တမ်း မလျှော့ပါ။
>> သူတို့အား ကန်ပုတ် စိတ်မချမ်းမွေ့ရာ လုပ်လဲ သူတို့သည် မုန်းမည် မဟုတ်ပါ။ မိမိ
>> ချမ်းသာ ပျော်ရွင်ခြင်းကိုသာ သူတို့ လိုလားကြသည်။ ထို့ကြောင့် မိဘသည်
>> သားသမီးကို ကြိုက်ခြင်း မဟုတ်ပါ၊ ချစ်ခြင်းဖြစ်သည်။
>> ထိုသို့ ချစ်ခြင်းနဲ့ ပတ်သက်သည့် အဓိပ္ပါယ် ဖွင့်ထားတဲ့ အီးမေးလ် တစ်စောင်
>> ရဖူးပါတယ်။ အဲဒီ အီးမေးလ်မှာ ရှင်းပြထားတာက ပိုလို့ ပြည့်စုံပါလိမ့်မယ်။
>> အောက်မှာ ဖတ်ကြည့်ပါ။
>> ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။
>> ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
>> ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။
>>
>> မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို
>> သိပ်စိုးရိမ်နေတယ်။
>> ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။
>>
>> ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
>> ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။
>>
>> မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
>> ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။
>>
>> လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
>> ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။
>>
>> သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့
>> မင်း သူ့အနားမှာ ရှိနေတာလား။
>> ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။
>>
>> အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ
>> မထိခိုက်စေချင်လို့ မဟုတ်လား။
>> ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။
>>
>> သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို
>> ပုံအပ်လိုက်ချင်တာလား။
>> ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။
>>
>> သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
>> ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။
>>
>> အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း
>> သူ့ကိုပြောသလား။
>> ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။
>>
>> သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
>> ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။
>>
>> သူ ဝမ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
>> ဒါမှ အချစ်လေ။
>>
>> သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ်
>> ငိုကျွေးခဲ့ရသလား။
>> အဲဒါ အချစ်လေ။
>>
>> မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ
>> မြင်နိုင်ရဲ့လား။
>> ဒါမှ အချစ်လေ။
>>
>> ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့
>> နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
>> ဒါဆို အချစ်လေ။
>>
>> သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
>> အဲဒါ အချစ်ပါ။
>>
>> တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ
>> သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
>> ဒါဆို အချစ်လေ။
>>
>> မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘဝကို သူ့ကို ပေးဖို့
>> ဝန်မလေးဘူးလား။
>> ဒါဟာ အချစ်ပဲပေါ့။

ချစ်လား???မချစ်ဘူးလား???



ဒီမေးခွန်းလေးက  လူတိုင်းသိချင်နေကြတဲ့  သိချင်ခဲ့ကြတဲ့  မေးခွန်းလေးနော်..  ဟုတ်တယ်ဟုတ် ??  တစ်စုံတစ်ယောက်ကို  ချစ်ရေးမဆိုမှာဖြစ်ဖြစ်၊  အဖြေမပေးခင်မှာဖြစ်ဖြစ်၊  လမ်းမခွဲခင်မှာဖြစ်ဖြစ်  ကိုယ့်ကိုယ်ကို  သေချာမေးဖို့လိုတဲ့  သေချာတဲ့အဖြေကို ရဖို့လိုအပ်တဲ့ အရေးကြီးတဲ့ မေးခွန်းလေးပေါ့။ ဒီလောက်အရေးပါတဲ့  မေးခွန်းလေးကို  သေချာဖြေနိုင်ဖို့  အောက်ကအချက်လေးတွေက  သူငယ်ချင်းတို့ကို  ကူညီပေးလိမ့်မယ်နော်။
၁။ သူနဲ့ အမြဲတွေ့နေရတာတောင်မှ အမြဲတွေ့ချင်နေတုန်းပဲလား ?

၂။ မနက်အိပ်ယာကနိုးတိုင်း ညအိပ်ယာဝင်ခါနီးတိုင်းမှာ သူ့အကြောင်းပဲ တွေးနေမိလား ?

၃။ အရေးကြီးတာတစ်ခုခုကို လုပ်မယ်လို့ ဆုံးဖြတ်ခါနီးတိုင်း သူ့အပေါ်တစ်ခုခု သက်ရောက်မှု ရှိ / မရှိကို စဉ်းစားမိတတ်လား?

၎။ အတူတူစားသောက်တိုင်းမှာ သူ့ကိုပဲ ဦးစားပေးနေမိတာမျိုး၊ သူဗိုက်မ၀မှာစိုးလို့ လျှော့စားတာမျိုးရှိလား ?

၅။ သူနဲနဲနေမကောင်းဖြစ်ရင်တောင် အရမ်းစိုးရိမ်နေမိလား ?

၆။ သူ့ကြောင့် နာကျင်ရရင်တောင် အပြစ်မမြင်ဘဲ သူ့အစားအကြောင်းပြချက်တွေရှာပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်နေမိလား ?

၇။ သူဟာ သင့်အတွက်၊ သင့်ဘ၀အတွက် အရေးကြီးဆုံးလို့ ခံစားနေမိလား ?
၈။ သူမရှိတဲ့ဘ၀တစ်ခုကို စိတ်ကူးလိုက်တာနဲ့တင် ကြောက်နေတတ်လား ?

၉။ သူပျော်ရင်လိုက်ပျော်နေမိပြီး သူစိတ်ညစ်ဝမ်းနည်းတဲ့အခါ သင်ပါထပ်တူထပ်မျှခံစားရတတ်လား ?

၁၀။ သူ့ကို ကြည့်လိုက်တာနဲ့ သူ့ကိုချစ်နေမိပြီလို့ ခံစားနေမိလား ?

၁၁။ မှန်ထဲမှာ ကိုယ့်မျက်လုံးကိုယ်ကြည့်ပြီး သူ့ကိုချစ်လားလို့ ကိုယ့်ကိုယ်ကိုမေးကြည့်တဲ့အခါ ရှက်ရွှံ့ကြည်နူးမှုတွေ
ခံစားနေရလား ?
၁၂။ ကိုယ့်ရဲ့ ပျော်ရွှင်မှု ၀မ်းနည်းမှုတွေဟာ သူ့အပေါ်အများဆုံးမူတည်နေလား ?

၁၃။ သူနဲ့အတူရှိနေရင် သူ့အကြောင်းစဉ်းစားမိရင်ကို အလိုလိုပျော်လာလား ?

အပေါ်က မေးခွန်းလေးတွေရဲ့အဖြေတွေက “Yes” ပဲဆိုရင်တော့ သေချာပါတယ်.. သင်သူ့ကို ချစ်မိနေပြီ။ သင့်နှလုံးသားတံခါးကို ဖွင့်ထားလိုက်တော့နော်..။ :)
Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com   
မှ ကူးယူဖော်ပြပါသည်

THREE THINGS..






ဒီနေ့ ဘယ်အဆင့်ထိရောက်ခဲ့ပြီးပြီလဲ?????


မီးအိမ်ရှင်


အမြဲပြုံးပျော်နိုင်ကြပါစေ။

Today Calendar

<a href="http://www.clock4blog.eu">calendar widget for blog</a>

မြန်မာစံတော်ချိန်

ထိုင်းစံတော်ချိန်

<a href="http://www.clock4blog.eu">clock for blog</a>
Free clock for your blog

လာရောက်လည်ပတ်ကြသူများ

ပြောခဲ့ချင်တာလေးများရှိရင်....

>

ပိုစ့်တင်သည့်ရက်စွဲ