ဒီမေးခွန်းလေးက လူတိုင်းသိချင်နေကြတဲ့
သိချင်ခဲ့ကြတဲ့ မေးခွန်းလေးနော်.. ဟုတ်တယ်ဟုတ် ?? တစ်စုံတစ်ယောက်ကို
ချစ်ရေးမဆိုမှာဖြစ်ဖြစ်၊ အဖြေမပေးခင်မှာဖြစ်ဖြစ်၊
လမ်းမခွဲခင်မှာဖြစ်ဖြစ် ကိုယ့်ကိုယ်ကို သေချာမေးဖို့လိုတဲ့
သေချာတဲ့အဖြေကို ရဖို့လိုအပ်တဲ့ အရေးကြီးတဲ့ မေးခွန်းလေးပေါ့။
ဒီလောက်အရေးပါတဲ့ မေးခွန်းလေးကို သေချာဖြေနိုင်ဖို့ အောက်ကအချက်လေးတွေက
သူငယ်ချင်းတို့ကို ကူညီပေးလိမ့်မယ်နော်။
၁။ သူနဲ့ အမြဲတွေ့နေရတာတောင်မှ အမြဲတွေ့ချင်နေတုန်းပဲလား ?
၂။ မနက်အိပ်ယာကနိုးတိုင်း ညအိပ်ယာဝင်ခါနီးတိုင်းမှာ သူ့အကြောင်းပဲ တွေးနေမိလား ?
၃။ အရေးကြီးတာတစ်ခုခုကို လုပ်မယ်လို့ ဆုံးဖြတ်ခါနီးတိုင်း သူ့အပေါ်တစ်ခုခု သက်ရောက်မှု ရှိ / မရှိကို စဉ်းစားမိတတ်လား?
၎။ အတူတူစားသောက်တိုင်းမှာ သူ့ကိုပဲ ဦးစားပေးနေမိတာမျိုး၊ သူဗိုက်မ၀မှာစိုးလို့ လျှော့စားတာမျိုးရှိလား ?
၅။ သူနဲနဲနေမကောင်းဖြစ်ရင်တောင် အရမ်းစိုးရိမ်နေမိလား ?
၆။ သူ့ကြောင့် နာကျင်ရရင်တောင် အပြစ်မမြင်ဘဲ သူ့အစားအကြောင်းပြချက်တွေရှာပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်နေမိလား ?
၇။ သူဟာ သင့်အတွက်၊ သင့်ဘ၀အတွက် အရေးကြီးဆုံးလို့ ခံစားနေမိလား ?

၈။ သူမရှိတဲ့ဘ၀တစ်ခုကို စိတ်ကူးလိုက်တာနဲ့တင် ကြောက်နေတတ်လား ?
၉။ သူပျော်ရင်လိုက်ပျော်နေမိပြီး သူစိတ်ညစ်ဝမ်းနည်းတဲ့အခါ သင်ပါထပ်တူထပ်မျှခံစားရတတ်လား ?
၁၀။ သူ့ကို ကြည့်လိုက်တာနဲ့ သူ့ကိုချစ်နေမိပြီလို့ ခံစားနေမိလား ?
၁၁။ မှန်ထဲမှာ ကိုယ့်မျက်လုံးကိုယ်ကြည့်ပြီး သူ့ကိုချစ်လားလို့ ကိုယ့်ကိုယ်ကိုမေးကြည့်တဲ့အခါ ရှက်ရွှံ့ကြည်နူးမှုတွေ
ခံစားနေရလား ?

၁၂။ ကိုယ့်ရဲ့ ပျော်ရွှင်မှု ၀မ်းနည်းမှုတွေဟာ သူ့အပေါ်အများဆုံးမူတည်နေလား ?
၁၃။ သူနဲ့အတူရှိနေရင် သူ့အကြောင်းစဉ်းစားမိရင်ကို အလိုလိုပျော်လာလား ?
အပေါ်က မေးခွန်းလေးတွေရဲ့အဖြေတွေက “Yes” ပဲဆိုရင်တော့ သေချာပါတယ်.. သင်သူ့ကို ချစ်မိနေပြီ။ သင့်နှလုံးသားတံခါးကို ဖွင့်ထားလိုက်တော့နော်..။ :)
Myanmar Sky Link ၁၃။ သူနဲ့အတူရှိနေရင် သူ့အကြောင်းစဉ်းစားမိရင်ကို အလိုလိုပျော်လာလား ?
အပေါ်က မေးခွန်းလေးတွေရဲ့အဖြေတွေက “Yes” ပဲဆိုရင်တော့ သေချာပါတယ်.. သင်သူ့ကို ချစ်မိနေပြီ။ သင့်နှလုံးသားတံခါးကို ဖွင့်ထားလိုက်တော့နော်..။ :)
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်
0 comments:
Post a Comment