ရှောင်သင့်တဲ့ ယောကျာ်းများ

ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ့်ရဲ့ဘ၀လက်တွဲဖော်ယောကျာ်းဆိုတာ အိမ်ထောင်ဦးစီး၊ မိသားစုကို
ဦးဆောင်ရမယ့်သူ၊ ကိုယ်က တသက်လုံးအားကိုးရမယ့်သူနော်။ အဲဒီတော့
အချစ်တစ်ခုထဲနဲ့ ရွေးချယ်လို့ မရဘူးပေါ့။
တချို့ယောကျာ်းတွေရဲ့အကျင့်စရိုက်တွေက ရေရှည်ကျရင်
ပြဿနာတွေဖြစ်လာနိုင်တယ်လေ။ အဲဒီတော့ တစ်ဘ၀လုံးစိတ်မဆင်းရဲရအောင်
ရှောင်သင့်တဲ့ယောကျာ်းတွေကို ပြောပြမယ်နော်။
ဆင်ခြေတက်လွန်းသူ

ဘယ်အရာကမှ သူ့အတွက်ပြည့်စုံတယ်
ကျေနပ်တယ်ဆိုတာမရှိတဲ့ ယောကျာ်းမျိုးပေါ့။ ဘယ်လောက်ပဲကောင်းအောင်
လုပ်ပေးပေး တစ်ခုမဟုတ်တစ်ခုတော့ မကျေနပ်သေးတာရှိနေတတ်တယ်လေ။ အဲဒီလို
ယောကျာင်္းမျိုးနဲ့ ကြာကြာများတွဲမိလို့ကတော့ ကိုယ့်ကိုယ်ကို
ယုံကြည်တဲ့စိတ်လေးပါ ပျောက်သွားအုံးမှာ။
အသဲကွဲသမား

အသဲကွဲနေပြီး ရုန်းထွက်ဖို့ မကြိုးစားတဲ့
ယောကျာ်းမျိုးကိုလည်း ဝေးဝေးက ရှောင်သင့်တယ်နော်။ သူအသဲကွဲနေတာကို
ငါရအောင်ကုစားပေးမယ်ဆိုပြီး သူရဲကောင်းလုပ်မိနေရင်လည်း
အချိန်ကာလတစ်ခုထိဘာမှတိုးတတ်မှု ရှိမလာဘူးဆိုရင်တော့
စိတ်လျှော့လိုက်ပါတော့။ သူကိုယ်တိုင်က အသဲကွဲခြင်းမှာ ပျော်မွေ့နေတာလေ။
ဒါကြောင့် အချိန်မဖြုန်းမနေနဲ့တော့နော်။