oasis4all

"လာရောက်ကြတဲ့သူငယ်ချင်းများကို ကြိုဆိုလျှက်ပါ" ဖတ်ဖူးတဲ့ ဗဟုသုတများကို ပြန်လည်ဝေမျှလိုက်ပါတယ်

my loving father

ဖေဖေသို့

တဂျုံးဂျုံးမြည်တဲ့ အိမ်အပြန်ရထား . . .
သမီးနှလုံးသားကို ခဏခဏ ဖြတ်မောင်းသွားနေတယ် . . . ဖေဖေ . .

ဘ၀မှာ အမှားတွေများလာတဲ့ အခါ . . .
ရှုံးနိမ့်တာတွေ များလာတဲ့ အခါ . .
သိမ်ငယ်စရာတွေ ခံစားလာရတဲ့ အခါ . .
ဖေဖေ့ . . . ဆီကို သမီး . .ပြန်လာချင်မိတယ် . . .။

ရင်ဖွင့် ကြိုနေမယ်မှန်း သိပေမယ့်
အောင်မြင်မှုတွေနဲ့ မှ လာချင်တဲ့ သမီးမို့
ဖေဖေ့ အတွက် ထီး ဖြစ်ခွင့်ရဖို့ ဒီလမ်းကို ဆက်သွားဦးမယ် . . ။

တချို့လူတွေ မွေးစားအမေ ရှာကြလို့
စိတ်မပူဖို့ မှာလိုက်ပါရစေ . .
ဖေဖေမှာခဲ့တဲ့ . . ကိုယ်လုပ်မှ ကိုယ်ရမယ် . . ဆိုတဲ့တရား
သမီးနှလုံးသားမှာ အမြဲကြားထားပြီးသား
အဖြူ အမဲမခွဲခြားဘဲ မေတ္တာထားနိုင်ဖို့လဲ
ဖေဖေ သင်ထားပေးခဲ့ ပြီးသား လေ . . . ။

ဘယ်နေရာမှာနေနေ ပျော်အောင်နေ
ပြီးတော့ တော်အောင်နေလို့
ဖေဖေမှာခဲ့ဖူးပေမယ့် . . .
သမီးက ထမင်းစားတိုင်း အိမ်လွမ်းတုန်းပဲ . . .

မုန့်ညှင်းပေါင်းနံ့သင်းတဲ့ ထမင်းဝိုင်းဆီ
သမီးပြန်လာရမယ့်နေ့
အိပ်မက်တွေမှာ တွေ့နေရပြီ
သမီးပြန်လာခဲ့ ပြီ . . .ဖေဖေ . . ။ ။

0 comments:

Post a Comment

အမြဲပြုံးပျော်နိုင်ကြပါစေ။

Today Calendar

<a href="http://www.clock4blog.eu">calendar widget for blog</a>

မြန်မာစံတော်ချိန်

ထိုင်းစံတော်ချိန်

<a href="http://www.clock4blog.eu">clock for blog</a>
Free clock for your blog

လာရောက်လည်ပတ်ကြသူများ

ပြောခဲ့ချင်တာလေးများရှိရင်....

>

ပိုစ့်တင်သည့်ရက်စွဲ